ပိတောက်ဖူးချိန် ကာရာအိုကေဗွီစီဒီ ရခိုင်သင်္ကြန်တေးခြင်းစုစည်းမှုကို စစ်တွေမြို့မှာ 7-8.3.10 နှစ်ရက် ဖြန့်ချိပါရေ။ Brothers production ကနီပြီးကေ စီစဉ်ထားစော်ဖြစ်ပြီးကေ Brothers studio မှာ အသံသွင်း၊ Brothers Video Editing က အပြီး လုပ်ထားပါရေ။ ကိုအောင်ဝင်း (Brothers) က stereo အားလုံးကို တီးခတ်ထားပြီးကေ ကိုထွန်းသိန်းနဲ့ အဖွဲ့ က mono ဝိုင်းတီးထားကတ်ပါရေ။ တေးခြင်တိကို ဦးထွန်းအောင်သာ၊ ဦးမောင်သိန်း၊ ကျော်သန်းမွှီး၊ စံမော်သိန်း၊ လေးခိုင်၊ ဒိုး(အ်)ရီ နဲ့ ကံထွန်းကြည်ရို့က ရွီးထားပြီးကေ အဆိုကျော် ဦးမောင်သိန်း၊ မောင်ကိုကို၊ ဒိုး(အ်)ရီ၊ ကိုသန်းဆွေ၊ ကံထွန်းကြည်၊ မျိုးရခိုင်၊ ကိုလှကြည်၊ စောနှင်းနွယ်၊ ရီလှိုင်းပြာ၊ ငြိမ်းစန္ဒာ နဲ့ သန်းသန်းဆင့်ရို့ လူစုံ တက်စုံ ဝိုင်းဝန်း ကူညီသီဆိုထားကတ်ပါရေ။ အရုပ်ကိုတော့ Live Show ပုံစံမျိုး ရိုက်ထားပါရေ။ တေးခြင်းလိုင်းပေါင်းစုံ၊ mono၊ stero၊ ရိုးရိုးပုံစံ (cha cha) ၊ rock … hip-hop အမျိုးမျိုးပါဝင်ပါရေ။ လူကြီးကြိုက်လေ့ ပါရေပိုင် လူငယ်ကြိုက်တိလေ့ ပါဝင်ပါရေ။ မောင်ကိုကိုဆိုထားစော်တေးခြင်းလူကြီးကြိုက်တေပိုင် ဒိုး(အ်)ရီဆိုထားရေ ဆားငံရီ ဆိုရေတေးခြင်းကတော့ လူငယ်ပါးစပ်ဖျားမှာ တင်နီပါဖို့လို့ ထင်ပါရေ။

Song Title Artist
၀၁။ နွီပိတောက်နဲ့ ခါသင်္ကြန် ဦးမောင်သိန်း
၀၂။ ကက ကကတ်မေ ကံထွန်းကြည်
၀၃။ ဆားငံရီ ဒိုးအ်ရီ
၀၄။ သင်္ကြန်မင်းသား ရီလှိုင်းပြာ
၀၅။ အယင်ကသင်္ကြန် သန်းသန်းဆင့်
၀၆။ ပြိုင်တူလောင်းမေ ဒိုးအ်ရီ
၀၇။ မနှစ်ကအမောင် ငြိမ်းစန္ဒာ
၀၈။ သင်္ကြန်နတ်သမီး မျိုးရခိုင်
၀၉။ လှတစ်မျက်နှာ ကိုသန်းဆွေ
၁၀။ မောင်ကြီးရှင်ပြန်မေ ကိုလှကြည်
၁၁။ မောင်ကြီးရှင် စောနှင်းနွယ်
၁၂။ သင်္ကြန်အတာကျူးလီယင့် မောင်ကိုကို
၁၃။ ပိတောက်ဖူးချိန် မောင်ကိုကို